“မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမပြတ်စေရန် ဖင်လန်နိုင်ငံက ကူညီမည်”

ရန်ကုန်၊ မေ -၁၁

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးရရှိရေးအတွက် လောင်စာဆီမျိုးစုံ ထည့်သွင်းအသုံးပြုနိုင်သည့် စက်များကို ဖင်လန်နိုင်ငံအစိုးရကအကူအညီပေးရန်ဆန္ဒရှိနေကြောင်း သိရသည်။

Loading...

“ဖင်လန်အစိုးရက မြန်မာအစိုးရလုပ်တဲ့ စီမံကိန်တွေကို တစ်ဝက်အလကား ပေးပါတယ်။စီမံကိန်းတစ်ခုကို ယူရို သန်း၃၀ အများဆုံး သတ်မှတ်ပါတယ်။တစ်ဝက်ကို အလကားပေးပါတယ်။ဖင်လန်အစိုးရရဲ့ စေတနာနဲ့ပါ။လုပ်ငန်းကရတဲ့ဝင်ငွေကနေပြီးတော့ ၁၀နှစ်အတွင်းမှာ ၆လတစ်ကြိမ်း နည်းနည်းဆပ်ရပါတယ်။ဒါမျိုး ပရောဂျက်ကို မွန်ပြည်နယ် စလုပ်နေပါပြီ။” ဟု ၄င်းကပြောသည်။

Loading...

၂၀၁၉ ခုနှစ် မေလ(၁၀)ရက်နေ့က ရန်ကုန်မြို့၊Lotte ဟိုတယ်မှာ ကျင်းပခဲ့သည့် Yangon InvestmentForum 2019 တွင် Finland Trade Center (ဖင်လန်နိုင်ငံကုန်သွယ်ရေးဌာန)က ကိုအေးမော်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖင်လန်အစိုးရ၏ကမ်းလှမ်းမှုအပေါ် စိတ်ဝင်စားကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြန်လည်ပြောကြားခဲ့သည်။

BZ

Loading...

Leave a Reply

Your email address will not be published. Required fields are marked *