အနုပညာလောကထဲ ၀င်ရောက်လာပြီဖြစ်တဲ့ “ဒွေး” ရဲ့ သမီးလေး

ဆည်းလည်းဆိုတဲ့မော်ဒယ်မလေးဟာ ကြွေလွင့်သွားတဲ့မင်းသားကြီးဒွေးရဲ့ မျိုးဆက်သစ်လေးဆိုတာသတိထားမိတဲ့ပရိသတ်တွေရှားမှာပါ။ ဒါပေမယ့် အနုပညာအသိုင်းအဝိုင်းထဲမှာတော့ သတိထားမိသူပေါများပြီး နေရာတစ်နေရာရထားတဲ့ ချစ်စဖွယ်မော်ဒယ်ကောင်မလေးဖြစ်ပါတယ်။ ဆည်းလည်းဟာ အနုပညာအလုပ်မည်မည်ရရမလုပ်ရသေးပေမယ့် ဒွေးရဲ့မျိုးဆက်သစ်လေးဆိုတာနဲ့တင် သူ့ပရိသတ်နဲ့သူအခိုင်အမာရထားသူလေးဖြစ်ပြီးမကြာခင်မှာအနုပညာလောကထဲမှာထွန်းတောက်လာမယ့်ကြယ်တစ်ပွင့်အဖြစ်သတ်မှတ်ထားတဲ့သူတွေလည်းများပြားစွာ ရှိနေတာပဲဖြစ်ပါတယ်။ ဆည်းလည်းလေးက မကြာသေးမီက Fashion Magazine Myanmar နဲ့ အင်တာဗျူးမှာ မင်းသားကြီးဒွေးနဲ့ပတ်သက်ပြီးဖြေကြားသွားပါတယ်။

Loading...

ဒွေးရဲ့အရှိန်အဝါနဲ့ နေရာတစ်ခုရတာမျိုးတွေရှိတယ်လို့ ဆည်းလည်း က “အရှိန်အဝါကတော့အများကြီးသက်ဆိုင်တာပေါ့နော်။ ဘဘရဲ့နာမည်နဲ့အမေရဲ့အသိုင်းအဝိုင်းထဲမှာကြောင့်မို့လို့ အားလုံးကညီမကို ဘယ်လိုပဲဖြစ်ဖြစ်နေရာလေးတစ်နေရာပေးရတာမျိုးတော့ရှိတာပေါ့နော်။ အဲ့တော့ နေရာပေးတဲ့အပြင်ကို ညီမက ပိုပြီးတော့တော့ကြိုးစားတာပေါ့နော်။ ညီမတစ်ခုခုမှားတာမျိုးရှိရင် အင်တာဗျူးထဲမှာ စကားပြောမှားတာပဲဖြစ်ဖြစ် လုပ်လိုက်တာတစ်ခုခုအပြစ်ပြောစရာဖြစ်လာရင် ညီမတစ်ယောက်ထဲအပြစ်ပြောခံရတာမျိုးမဟုတ်ပဲ မိဘနာမည်ပါထိခိုက်တယ်။ အဲဒါလေးတစ်ခုတော့ သတိအရမ်းထားပါတယ်”လို့ ပြောပြထားပါတယ်။

Loading...

အနုပညာသိပ်မလုပ်ရသေးပေမယ့် ဒွေးရဲ့အရှိန်နဲ့အားပေးတဲ့သူတွေများတဲ့အပေါ် ဆည်းလည်းက “ခံစားချက်ကတော့ ဘယ်လိုပြောရမလဲ။ မတူတော့မတူဘူးပေါ့။ ညီမအခုလောလောဆယ် အနုပညာမလုပ်ရသေးပေမယ့်ညီမကို သူတို့ချစ်တဲ့ မင်းသားကြီးတစ်ယောက်ရဲ့မျိုးဆက်လေးဆိုပြီးတော့ အဲ့လိုမျိုး ချစ်ပေးကြတာပေါ့နော်။ ညီမကအနုပညာလည်းမလုပ်ဘာမှမလုပ်ပဲနဲ့ ဘဘနာမည်နဲ့သက်သက်ကို သမီးရယ်ဆိုပြီးတော့၊ မတူတော့မတူဘူးပေါ့နော်”လို့ ရင်ဖွင့်ထားပါတယ်။

ဒွေးသာရှိရင်အနုပညာလုပ်ခွင့်ပေးပါ့မလားမသိဘူးလို့ ဆည်းလည်းက “ဘဘက အရမ်းလေးစားဖို့ကောင်းပါတယ်။အားလည်းအားကျဖို့ကောင်းပါတယ်။ သူ့ရဲ့အသက်မွေးလမ်းကြောင်းမှာသူတကယ်ကိုနာမည်ကြီးပြီးတော့ အားလုံးရဲ့ချစ်ခင်မှုကိုရထားတာပေါ့နော်။ ဘယ်လိုပြောမလဲ။ ဘဘသာရှိရင်အခွင့်အရေးလည်းပိုရနိုင်တယ်။

အနပညာလုပ်ခွင့်လည်းပေးချင်မှပေးမှာပါ။ ဘဘကိုအားပေးသလို ညီမကိုလည်း ခွင့်လွှတ်ပြီးတော့၊အပြစ်တွေရှိရင်လည်းနားလည်ပြီးတော့အကြံညဏ်ပေးပြီးတော့ အားပေးပါလို့”ဆိုပြီး ပြောထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒွေးရဲ့ မျိုးဆက်သစ်လေး ဆည်းလည်းလေးကိုချစ်ကြလား။ဆည်းလည်းလေးရဲ့အနုပညာအလုပ်တွေကိုရော ဒွေးကိုအားပေးသလိုပဲအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

credit-ပြောချင်လွန်းလို့

Loading...

Leave a Reply

Your email address will not be published. Required fields are marked *