“လေယာဉ်မှူးမြတ်မိုးအောင်နှင့်အဖွဲ့” အတွက် ဂုဏ်ပြုပွဲ ကျင်းပပေးမည်

လေယာဉ်စက်ချို့ယွင်းမှုကြောင့် တံတားဦးလေဆိပ်၌ အရေးပေါ်ဆင်းသက်ရာတွင် ခရီးသည်များ ထိခိုက်မှုတစုံတရာမဖြစ်စေဘဲ လေယာဉ်ကို အောင်မြင်စွာဆင်းသက်ပေးနိုင်ခဲ့သည့် လေယာဉ်မှူး မြတ်မိုးအောင်နှင့် လေယာဉ်ဝန်ထမ်းအဖွဲ့အား ဂုဏ်ပြုပွဲကို မေ ၁၉ ရက်တွင် ရန်ကုန် နိုဗိုတယ်ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Loading...

ဖြစ်စဉ်မှာ မေလ ၁၂ ရက်နေ့က ရန်ကုန်မှ မန္တလေးသို့ပြန်သန်းသည့် ရန်ကုန်လေဆိပ်မှ မန္တလေးသို့ထွက်ခွာသွားသော မြန်မာအမျိုးသားလေကြောင်းလိုင်း UB103 XY.AGQ E.190 လေယာဉ်သည် Landing Gear ချို့ယွင်းမှုဖြစ်ရာ လေယာဉ်မှူး မြတ်မိုးအောင်က လေယာဉ်ဆင်းသက်စဉ် မီးလောင်ပေါက်ကွဲမှုမဖြစ်စေရန် လေယာဉ်ဆီကုန်လုနီးပါး မောင်းနှင်ပြီးမှ တံတားဦးလေဆိပ်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်ပေးနိုင်ခဲ့သည်။ အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းအပါအဝင် ခရီးသည် ၈၂ ဦး၊ နိုင်ငံခြားသားခရီးသည် ၈ ဦး၊ ပြည်တွင်းခရီးသည် ၇၂ ဦးတို့လိုက်ပါလာခဲ့သည်။

Loading...

လေယာဉ်မှူး မြတ်မိုးအောင်နှင့် လေယာဉ်ဝန်ထမ်းအဖွဲ့အား ဂုဏ်ပြုပွဲပြုလုပ်မည့်အစီအစဉ်နှင့်ပတ်သက်၍ လေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သော သရုပ်ဆောင်နေမင်းက ယနေ့ မေ ၁၄ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။

YMH

Loading...

Leave a Reply

Your email address will not be published. Required fields are marked *